ရေဦးမြောက်ဘက်ခြမ်း တိုက်ပွဲတွင် ပျူစောထီး အများအပြား သေဆုံး၊   စစ်ကောင်စီတပ်က အလောင်းမကောက်ဘဲ လှည့်ပြန်

ရေဦးမြောက်ဘက်ခြမ်း တိုက်ပွဲတွင် ပျူစောထီး အများအပြား သေဆုံး၊   စစ်ကောင်စီတပ်က အလောင်းမကောက်ဘဲ လှည့်ပြန်
ဖေဖော်ဝါရီ 15, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ မြောက်ဘက်ခြမ်း ဘိုရုံရွာအနီးရှိ ‌ဆည်မြောင်းတူးမြောင်းတွင် ယနေ့ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင်ဖြစ်ပွားသည့် အနီးကပ်တိုက်ပွဲအတွင်း ပျူစောထီး (၇)ဦးသေသော်လည်း အလောင်းမကောက်ဘဲ စစ်ကောင်စီတပ်များ ထွက်ပြေးသွားကြောင်း ရေဦး PDF ထံမှ သိရသည်။

အင်အား(၆၀) ကျော်ပါသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မြောက်ဘက်အရပ်၌ အခြေစိုက်ထားသည့် ပကဖ၊ PDF နှင့် ဒေသခံတော်လှန်ရေးအဖွဲ့တို့ပူးပေါင်းပြီး နာရီဝက်ကြာ အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်း၊ ရှော့ဂမ်း၊ လက်လုပ်တစ်လုံးထိုးတို့နှင့် ရင်ဆိုင်ခဲ့ကြရပြီး အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်ပစ်ဗုံးကြောင့် PDF ရဲဘော်နှစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီဖက်မှ လိုက်ပါခဲ့သည့် အင်တော ဒလံလွှမ်းအောင် အပါအဝင် (၇)ဦးသေဆုံးခဲ့ပြီး အလောင်းမကောက်ဘဲ ထားခဲ့သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။