မြောင်မြို့အထွက်တွင် စစ်ကောင်စီတပ်သားများ၏ ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၂)ဦး သေဆုံး

မြောင်မြို့အထွက်တွင် စစ်ကောင်စီတပ်သားများ၏ ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၂)ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့အထွက်သို့ မောင်းနှင်လာသည့် အာဏာ သိမ်းစစ်ကောင်စီတပ်သားများ၏ ယာဉ်အား မတ်လ(၂၇)ရက်နေ့ ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်သား (၂)ဦး သေပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မြောင်မြို့နယ်တော်လှန်ရေးတပ်၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁)၊ အရန်တပ်ခွဲ(၁)နှင့် Zarmani Revelation Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောင်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့အနေဖြင့် ပြောက်ကျားစစ်ဆင်ရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုကို သတိဖြင့် ဂရုတစိုက်ရှောင်ရှားသွားလာကြရန် အသိပေးထားသည်။