ဖလမ်းမြို့နယ် တလန်ဇာရ်ကျေးရွာအတွင်းမှ နေအိမ်(၁၇)လုံး မီးရှို့ဖျက်ဆီးခံရ

ဖလမ်းမြို့နယ် တလန်ဇာရ်ကျေးရွာအတွင်းမှ နေအိမ်(၁၇)လုံး မီးရှို့ဖျက်ဆီးခံရ

ချင်းပြည်နယ်အတွင်း ဖလမ်းမြို့နယ်၊ တလန်ဇာရ်ကျေးရွာကို အာဏာ သိမ်းစစ်ကောင်စီတပ်မှ  မေလ(၅)ရက်နေ့ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးရာ နေအိမ်(၁၇)လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း  Chinland Defense Force- Mara က ထုတ်ပြန်သည်။

“ညနေ ၃ နာရီခွဲလောက်ထိ ပစ်ခတ်သံတော့ ကြားနေရပါတယ်၊ ကျွန်တော်တို့ရွာကနေ (၂)မိုင်လောက်ဝေးတဲ့ နေရာမှာ ရှိနေသေးတယ်၊ စစ်အင်အားက အတိအကျတော့ မသိနိုင်ပေမယ့် ၁၀၀ ဝန်းကျင်လောက်တော့ ရှိမယ်ထင်ပါတယ်။ အဲ့ဒီ မီးလောင်သွားတဲ့ထဲမှာ UPC ဘုရားကျောင်းရဲ့ ကွာတာအိမ်တွေပါ ပါတယ်။” ဟု စစ်ဘေးရှောင် တလန်ဇာရ်ကျေးရွာသားတစ်ဦးကပြောကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ယာဉ်တန်းသည် မေလ(၂)ရက်နေ့တွင် ဟားခါးမြို့မှ ဖလမ်းမြို့နယ်ဘက်သို့ ထွက်ခွာလာကာ မေလ(၃)ရက်နေ့ ညနေပိုင်းတွင် CDF ဟားခါးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့ မေလ (၅)ရက်နေ့တွင် ဟားခါး - ဖလမ်းကြားရှိ ဟားခါး - ဖလမ်းလမ်းပေါ်၌ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကာ တိုက်ပွဲတွင် CNA နှင့် CDF တပ်ဖွဲ့ဝင် (၂)ဦး ကျဆုံးသွားကြောင်း သိရသည်။

#TachleikNewsAgency