မြန်မာများ ရွှေ့ပြောင်းလာမှု များလာခြင်းကြောင့် ထိုင်းနိုင်ငံသားတချို့ မြန်မာသံရုံရှေ့ဆန္ဒပြ

မြန်မာများ ရွှေ့ပြောင်းလာမှု များလာခြင်းကြောင့် ထိုင်းနိုင်ငံသားတချို့ မြန်မာသံရုံရှေ့ဆန္ဒပြ
စက်တင်ဘာ 23, 2024 | 2021 Military Coup| အခြားဒေသများ

ထိုင်းနိုင်ငံအတွင်း မြန်မာများ ရွှေ့ပြောင်းအခြေချနေထိုင်လာမှုများလာခြင်းကြောင့် ထိုင်းနိုင်ငံသားတချို့ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာ လ(၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် ဘန်ကောက်မြို့ရှိ စစ်ကောင်စီ မြန်မာသံရုံးရှေ့၌ ဆန္ဒပြကြကြောင်း သိရသည်။ 

Amazing World Culture Club အဖွဲ့အစည်းအပါအဝင် ထိုင်းအမျိုးသားရေးအဖွဲ့အစည်း(၄)ဖွဲ့က"ဒီနေ့ရာက ငါ့တို့နေရာ။ နင်တို့တွေကို ငါ့တို့မကြောက်ဘူး။ နင်တို့မြန်မာတွေ ထွက်သွားကြ။”ဟုဆိုကာ သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပြီး အိတ်ဖွင့်စာလည်းပေးပို့ကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်း စစ်ကောင်စီတပ်၏ အမျိုးမျိုးဖိနှိပ်မှုကြောင့် တိမ်းရှောင်လာကြသူများနှင့် လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများစွာရှိနေပြီး ထိုင်းရောက်မြန်မာအရေး လုပ်ကိုင်နေသူများကမူ မြန်မာနိုင်ငံသားများ ထိုင်နိုင်ငံအတွင်း စည်းကမ်းတကျနေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ခြင်းများရှိနေသည်။

#TachileikNewsAgency

Photo: CJ