တံတားဦးမြို့နယ်တွင် ဒေသခံ ၁၀၀ ဝန်းကျင် စစ်မှုထမ်းရန် ဖမ်းဆီးမှု စစ်ကောင်စီတပ်က ထွေအုပ်ကို ထိုးချ

တံတားဦးမြို့နယ်တွင် ဒေသခံ ၁၀၀ ဝန်းကျင် စစ်မှုထမ်းရန် ဖမ်းဆီးမှု စစ်ကောင်စီတပ်က ထွေအုပ်ကို ထိုးချ

မန္တလေးတိုင်း တံတားဦးမြို့နယ်တွင် ဒေသခံ (၁၀၀)ဦး ဝန်းကျင် စစ်မှုထမ်းရန် ဖမ်းဆီးခံရမှုအပေါ် စစ်ကောင်စီတပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လုပ်ခြင်းဖြစ်သည်ဟုပြောဆိုကြောင်း စစ်ကောင်စီထောက်ခံသူ ပေါက်ကိုယ်တော်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့က တံတားဦးမြို့နယ်တွင် စစ်ကောင်စီက စစ်မှုထမ်းရန်ဟုဆိုကာ အရပ်သား (၁၀၀)ဝန်းကျင်ကို ဖမ်းဆီးသွားပြီးနောက် (၅၀)ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီး ယင်းသို့ဖမ်းဆီးခြင်းမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီမံမှုဖြင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်ကပြောကြောင်း ပေါက်ကိုယ်တော်က ဆိုသည်။

“(၁၀၀)လောက်ဖမ်းတဲ့အထဲမှာ (၄၅)ယောက်ကိုရွေးသွားတယ်။ ဗိုလ်မှူးနဲ့ သွားတွေ့တယ် (ဩဂုတ် ၁၉) ဒါတွေက တပည့်တော်တို့နဲ့မဆိုင်ဘူး။ တစ်မြို့နယ်ကို ဘယ်နှစ်ယောက်ဆိုတာ ရှိပြီးသား။ အဲဒါထွေအုပ်တွေလုပ်တာ။ ထွေအုပ်တွေနဲ့ပဲဆိုင်တာဘုရားတဲ့။”ဟု ပေါက်ကိုယ်တော်က ၎င်းတို့၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များမှတဆင့် ပြောသည်။

ဖမ်းဆီးခံရသည့် (၄၅)ဦးထဲတွင် တံတားဦးမြို့နယ် ထောက်ရှာရွာမှ ညီအစ်ကို(၂)ဦးလည်းပါဝင်သွားပြီး ၎င်းတို့ သည် ကျေးရွာအုပ်ကြီးအား စစ်မှုမထမ်းရရန် ငွေကျပ်(၄၅,၀၀၀)စီပေးထားပြီးဖြစ်သူများဖြစ်ကာ တံတားဦးမြို့ နယ်သို့ ပန်းရံသွားလုပ်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

“ရွာအုပ်ကြီးက ရွာမှာမရှိတော့ဘူး။ ဖမ်းခံရသူတွေရဲ့ ၄၅၀၀၀ ကျပ်က ဘယ်သူ့ကိုပေးရလဲ။ တစ်အိမ်ကို ၄၅၀၀၀ စီကောက်တယ်။ ဘယ်သူ့စီပေးရလဲ။”ဟု ပေါက်ကိုယ်တော်က ပြောသည်။

တံတားဦးမြို့ အနောက်ဘက်အထွက် တံတားဦး-မြို့သာလမ်းရှိ စစ်ကောင်စီတပ်မှ လမ်းသွားလမ်းလာဒေသခံများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့ပေါ်သို့ သွားရောက်အလုပ်လုပ်ကိုင်သော ကုမ္ပဏီဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ ပါဝင်သွားခြင်းဖြစ်သည်။

#TachileikNewsAgency