ပုလဲမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီတပ် ဗုံးကြဲသွား၍ ဘုန်းကြီးတစ်ပါး အပါအဝင် အရပ်သား(၁၀)ဦးသေဆုံး

ပုလဲမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီတပ် ဗုံးကြဲသွား၍ ဘုန်းကြီးတစ်ပါး အပါအဝင် အရပ်သား(၁၀)ဦးသေဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ညောင်ကုန်းရွာကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၇)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး ကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်ကြီးတစ်ပါးအပါအဝင် အရပ်သား (၁၀)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ညောင်ကုန်းရွာကို စစ်ကောင်စီတပ်က အကြောင်းမဲ့ တိုက်လေယာဉ်တစ်စီးဖြင့် နှစ်ကြိမ် ဗုံး(၅)လုံးကြဲချ၍ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါး အပါအဝင် အမျိုးသား (၇)ဦးနှင့် အမျိုးသမီး(၃)ဦးတို့ သေဆုံးခဲ့ရသည်ဟု ပုလဲဂျိုကာ PDFတပ်ဖွဲ့ထံမှ သိရသည်။

"ဘာကြောင့်လာပစ်သွားလဲ မသိဘူး။ ကိုယ်အိမ်ကိုယ်နေတာကို လာပစ်ခံရတာပါ။ တိုက်ပွဲမဖြစ်ပါဘူး။ ဒီအတိုင်း သက်သက်မဲ့လာပစ်သွားတာပါ။"ဟု ပုလဲဂျိုကာ PDFတပ်ဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ် (၁၃)လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။

#TachileikNewsAgency