KNU နယ်မြေအတွင်း လာရောက်ထောက်လှမ်းသည့် ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီးနောက် လေတပ်အရောက်တွင် စက်ချို့ယွင်းပြီး ပျက်စီးသွား

KNU နယ်မြေအတွင်း လာရောက်ထောက်လှမ်းသည့် ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီးနောက် လေတပ်အရောက်တွင် စက်ချို့ယွင်းပြီး ပျက်စီးသွား

ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေ(မဲဝိုင်)ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအပေါ်သို့ လာရောက်ထောက်လှမ်းသည့် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကို မတ်လ(၂၅)ရက်နေ့ နေ့လည်ပိုင်းက KNLA က ပစ်ခတ်ခဲ့ရာ လေတပ်ဌာနချုပ်အရောက်တွင် ပျက်စီးသွားကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်နှစ်စီးနှင့် ရဟတ်ယာဉ်တစ်စီး စုစုပေါင်း(၃)စီးတို့သည် လာရောက်ကင်းလှည့်ထောက်လှမ်းရာ KNLA-ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ အမှတ်(၁၀၂)တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်ခံရသဖြင့် ရဟတ်ယဉ်တစ်စီးထိမှန်ကာ ပစ်ခတ်ခံရသည့်နေရာတွင် ပျက်ကျခြင်း မရှိခဲ့သော်လည်း လေတပ်ဌာနချုပ်ပြန်လည်ရောက်တွင် စက်ချို့ယွင်းပျက်စီးသွားကြောင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူကပြောကြောင်း သတင်းထုတ်ပြန်ထားသည်။