စစ်ကိုင်းတိုင်းတွင် (၈)ရက်အတွင်း နေအိမ်ပေါင်း (၄၀၀)ကျော်ကို အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီး

စစ်ကိုင်းတိုင်းတွင် (၈)ရက်အတွင်း နေအိမ်ပေါင်း (၄၀၀)ကျော်ကို အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီး

စစ်ကိုင်းတိုင်းအတွင်း မတ်လ(၁၅)ရက်နေ့မှ (၂၂)ရက်နေ့အထိ (၈) ရက်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်က မီးရှို့မှုကြောင့် အိမ်ပေါင်း (၄၀၀)ကျော် ဆုံးရှုံးခဲ့ရကြောင်း Data For Myanmar က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

အကြမ်းဖက်စစ်ကောင်စီက နေရာပေါင်း(၁၁)ခုတွင် ပြည်သူပိုင်နေ အိမ်များကို မီးရှို့ကြသဖြင့် အိမ်ပေါင်း(၄၃၈)အိမ်အထိ  ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးမှုများကြောင့် အိမ်များအပြင် သိုလှောင်ထားသည့်သီးနှံများ၊ ဈေးဆိုင်များနှင့် စက်ပစ္စည်းတို့လည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် စစ်ကိုင်းတိုင်းဒေသကြီးအား တရက်လျှင် ပျှမ်းမျှ(၅၂)အိမ်နှုန်း မီးရှို့နေခြင်းဖြစ်ပြီး မတ်လ(၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ စစ်ကိုင်းတိုင်းအတွင်းရှိ အိုးအိမ်ပေါင်း (၁,၁၅၁) အိမ်မီးရှို့ခံခဲ့ရကြောင်း သိရသည်။

Data For Myanmar သည် ပျက်စီးဆုံရှုံးခဲ့ရသော အိုးအိမ်များ၊ အိုးအိမ်မဲ့ဖြင့် စစ်ရှောင်ဘဝသို့ ရောက်ခဲ့ရသော ကျေးလက်ပြည်သူဘဝများ၊ ဖြစ်ရပ်များအား မြင်သာစေရန် ရည်ရွယ်၍ ဖော်ပြနေခြင်းဖြစ်သည်။



#TachileikNewsAgency