ကလေးမြို့ရှိ အကျဉ်းထောင်တွင်း အာဏာသိမ်းတပ် ဝင်ပစ်သတ်၍ ကျဆုံးရသည့် CNDF တပ်ဖွဲ့ဝင်အတွက် ရုပ်ကလာပ်မပါဘဲ ဈာပနကျင်းပ

ကလေးမြို့ရှိ အကျဉ်းထောင်တွင်း အာဏာသိမ်းတပ် ဝင်ပစ်သတ်၍ ကျဆုံးရသည့် CNDF တပ်ဖွဲ့ဝင်အတွက် ရုပ်ကလာပ်မပါဘဲ ဈာပနကျင်းပ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်တွင် မတ်လ (၁၅) ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သည့်  CNDF တပ်ဖွဲ့ဝင် ဆလိုင်းရှလွန်ရှင်းထန်းလျန် (ခ) ဗန်ဒိန်း (၂၉)နှစ်၏ ဈာပနာကို ရုပ်ကလာပ်မပါဘဲ ပြုလုပ်ခဲ့ပြီး အာဇာနည်သူရဲကောင်းအဖြစ် CNO က ၂၀၂၂ ခုနှစ်၊ မတ်လ(၁၉) ရက်နေ့တွင် ထုတ်ပြန်သည်။

 CNDF တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဆလိုင်းရှလွန်ရှင်းထန်းလျန် (ခ) ဗန်ဒိန်းသည် မျိုးမင်းထွန်း၊ ဝင်းကိုနိုင်၊ မောင်ညီ၊  ချမ်းမင်းကို၊  တူးခိုင်နှင့်  ညွှန့်ဝင်းအောင် (ခ) မျိုးဝင်းအောင်တို့နှင့်အတူ မတ်လ(၁၅)ရက်က  ကလေးအကျဉ်းထောင်မှ  လွတ်မြောက်ရန် ကြိုးစား၍ ပစ်သတ်လိုက်သည်ဟု အာဏာသိမ်းစစ်တပ်က လိမ်လည်သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။  

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်တွင် ယမန်နေ့ ညနေပိုင်းက နိုင်ငံရေးအကျဉ်းသားများအား အာဏာသိမ်းစစ်တပ်က ဝင်ရောက်ပစ်သတ်လိုက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်အတွက် လက်တုန့်ပြန်မည်ဟု  CNDF စစ်ဦးစီးက ပြောဆိုထားသည်။ 

ပစ်သတ်ခံလိုက်ရသည့် အကျဉ်းသားများသည် နိုင်ငံရေးမှုဖြင့် ဖမ်းဆီးခံထားရသူများဖြစ်ပြီး ထောင်အာဏာပိုင်များနှင့် ဆက်ဆံရေး မပြေမလည်ဖြစ်ရာမှ အာဏာသိမ်းစစ်တပ်က ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



Photo: CNO