သုံးခွမြို့နယ် လျှပ်စစ်ရုံးကို TYF က အဝေးထိန်းမိုင်းဖြင့် သတိပေး ဖောက်ခွဲ

ပုံအညွှန်း - သုံးခွမြို့နယ် လျှပ်စစ်ရုံးပုံ ( ယခင်ပုံ )
ပုံအညွှန်း - သုံးခွမြို့နယ် လျှပ်စစ်ရုံးပုံ ( ယခင်ပုံ )
သုံးခွမြို့နယ် လျှပ်စစ်ရုံးကို TYF က အဝေးထိန်းမိုင်းဖြင့် သတိပေး ဖောက်ခွဲ
ဇန်နဝါရီ 15, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ် လျှပ်စစ်ရုံးကို ယ‌မန်နေ့ ဇန်နဝါရီလ(၁၄)ရက်နေ့ ညက သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(T.Y.F)က အဝေးထိန်းမိုင်းဖြင့် သတိပေးဖောက်ခွဲခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ၀န်ထမ်းအိမ်တစ်လုံး အမိုးပွင့်သွားပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

YTF ၏ ထုတ်ပြန်ချက်တွင် မြို့သူ၊ မြို့သားများအပေါ် စစ်ကောင်စီအလိုအကျ အမြတ်ထုတ် ဂုတ်သွေးစုပ်နေသော လျှပ်စစ်ရုံးအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဒါ့အပြင် YTF ၏ အရေးယူမှုသည် ဤမျှဖြင့် ရပ်တန့်သွားမည်မဟုတ် အထက်အမိန့်အရဟုဆိုကာ ပြည်သူအပေါ် လျှပ်စစ်မီးဖြတ်တောက်ခြင်းကဲ့သို အနိုင်ကျင့်ဗိုလ်ကျနေမှုများအား ထွေအုပ်ဝန်ထမ်းများနှင့်တကွ လက်အောက်ခံ မီတာရုံးဝန်ထမ်းများက  ဆက်လက်လုပ်ဆောင်နေပါက ယင်းတို့၏ လုံခြုံရေးကို လုံးဝတာဝန်ယူမည် မဟုတ်ကြောင်း YTF က ထုတ်ပြန် သတိပေးထားသည်။

သုံးခွမြို့နယ် လျှပ်စစ်ရုံးတွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့ နံနက်အစောပိုင်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။