ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် နွမ်လန့်ကျေးရွာနှင့် အူထန်ယာန်ကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA က ၂၀၂၃ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၅)ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး တစ်ဦးသေဆုံးကြောင်း သိရသည်။
ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ ခမရ(၄၃၈)၊ ခမရ(၄၃၇)မှ စစ်ကောင်စီတပ်သားများသည် ရိက္ခာယူရန်လာစဉ် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIAနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
စစ်ကောင်စီတပ်သား အင်အား(၁၀)ဦးဝန်းကျင်သည် နွမ်လန့်ကျေးရွာသို့ ရိက္ခာလာယူစဉ် KIAတပ်ရင်း၊ တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ MA (၅)လက်၊ ပစ္စတိုတစ်လက်နှင့် ကျည်ဆန်များကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
#TachileikNewsAgency