ဘားအံမြို့နယ်အတွင်း ပြည်သူများ ညပိုင်းခရီးမသွားရန်နှင့် မော်တော်ယာဉ်များ မှန်ချမောင်းနှင်ရန် KNU သတိပေး

ဘားအံမြို့နယ်အတွင်း ပြည်သူများ ညပိုင်းခရီးမသွားရန်နှင့် မော်တော်ယာဉ်များ မှန်ချမောင်းနှင်ရန် KNU သတိပေး
ဒီဇင်ဘာ 4, 2021 | အခြားဒေသများ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အများပြည်သူအနေဖြင့် ညပိုင်း ခရီးသွားလာခြင်းမပြုရန်နှင့် မော်တော်ယာဉ်များ မှန်ချမောင်းနှင်ရန် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့တွင်   ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘားအံမြို့နယ်က သတိပေးချက်ထုတ်ပြန်ထားသည်။

အများပြည်သူအနေဖြင့် နံနက် (၆) နာရီမှ ညနေ (၆) နာရီအတွင်းသာ သွားလာကြရန်၊ ကားမှန်များချ၍ မောင်းနှင်ကြရန်၊ တာဝန်အရ စစ်ဆေးမှုများရှိပါက ကြည်ဖြူစွာ အစစ်ဆေးခံရန်နှင့် အရေးပေါ်ကိစ္စများကြောင့် သွားလာရန်လိုအပ်ပါက ကိုတင်ဆက်သွယ်အကြောင်းကြားရန် သတိပေးချက်တွင် ဖေါ်ပြထားသည်။

 

ထုက်ပြန်ချက်ပါ အချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးထားသည်ကိုလည်း တွေ့ရသည်။