ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက် ပို၍ မဲပေးခဲ့သူများကို အမှုဖွင့်အရေးယူရန် အာဏာသိမ်းအဖွဲ့၏ ရွေး/ကော်က ညွှန်ကြား

ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက် ပို၍ မဲပေးခဲ့သူများကို အမှုဖွင့်အရေးယူရန် အာဏာသိမ်းအဖွဲ့၏ ရွေး/ကော်က ညွှန်ကြား
အောက်တိုဘာ 27, 2021 | အခြားဒေသများ

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ မဲပေးခဲ့သူများကို သက်ဆိုင်ရာ ဒေသ၏ ရဲစခန်းများတွင် အမှုဖွင့်အရေးယူရန် အာဏာသိမ်းအဖွဲ့၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့က ညွှန်ကြားထားကြောင်း သိရသည်။

နိုင်ငံ့အာဏာကို မဲမသမာမှုကြောင့်ဟု ဆိုကာ လက်နက်အားကိုးဖြင့် သိမ်းယူထားသည့် အာဏာသိမ်းစစ်တပ်သည် နိုင်ငံတော်သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးထားသလို ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပါတီများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ကိုယ်စားလှယ်များအား ဖမ်းဆီးခြင်း၊ ဖမ်းမမိသူများကို အမှုဖွင့်ခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါမှာလည်း မဲတစ်ကြိမ်အထက် ပို၍ ပေးခဲ့သူများကို အရေးယူရန် ညွှန်ကြားထားခြင်း ဖြစ်သည်ဟု သိရသည်။