သတင်း#အားချာ
ဓါတ်ပုံ #kyaw aungaung
*****************
၂၀၁၈ ခုနှစ် ဇွန်လ (၅ )ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြု၍ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် သစ်တောဦးစီးဌာနက မိုင်းယောင်းမြို့ပေါ်ရှိ တပ်ရင်းတပ်ဖွဲ့၊ ရပ်ကွက်နှင့် ကျေးရွာများအတွက် ပျိုးပင်ပေါင်း(၈၈၉၀)ကို မေလ(၃၀)ရက်နေ့တွင် ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း သိရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံ တောအုပ် ဦးကျော်အောင်အောင်နှင့် ဝန်ထမ်းများသည် ယခုနှစ်မိုးရာသီတွင် ပျိုးပင်စုစုပေါင်း အပင်နှစ်သောင်း ဖြန့်ဝေသွားမည်ဖြစ်ပြီး မေလ (၃၀) ရက်နေ့အထိ ပန်ဂျန်ရှားပင်၊ ကုက္ကိုလ်ပင်၊ မယ်ဇလီပင်၊ ထင်းရူးပင်၊ ခရေပင်နှင့် ယမနေပင် စုစုပေါင်း (၈၈၉၀) ပင် ဖြန့်ဝေပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်း#အားချာ
ဓါတ်ပုံ #kyaw aungaung