မြောက်ဦးအခြေစိုက်တပ်စခန်းနှစ်ခုမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကို AA ထုတ်ပြန်

မြောက်ဦးအခြေစိုက်တပ်စခန်းနှစ်ခုမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကို AA ထုတ်ပြန်

စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) နှင့် ခမရ (၃၇၈)တို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား ရက္ခိုင့်တပ်‌တော်(AA)က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် ခမရ (၅၄၀)၊ ခမရ (၃၇၇)နှင့် ခမရ (၃၇၈)တပ်ရင်းများကို ရက္ခိုင့်တပ်တော်က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ခမရ (၅၄၀) တပ်ရင်းကို ဇန်နဝါရီလ (၃၀)ရက်၊ ခမရ(၃၇၈)ကို ဖေဖော်ဝါရီလ (၅)ရက်နှင့် ခမရ(၃၇၇)ကို ဖေဖော်ဝါရီလ (၇)ရက်တို့တွင် ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်က မြောက်ဦးမြို့ကို ထိန်းချုပ်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk