ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်ဖွဲ့ထံ ရဲတပ်သားတစ်ဦး CDM ပြုလုပ်လာ

Photo: YSO.ISA
Photo: YSO.ISA
ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်ဖွဲ့ထံ ရဲတပ်သားတစ်ဦး CDM ပြုလုပ်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် စစ်ကောင် စီလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ ပြည်သူ့ဘက်ရပ်တည်လာ‌ကြောင်း ရေစကြိုရေလယ်ကျွန်းဒေသပျောက်ကြားတပ်ဖွဲ့က ယနေ့ မတ်လ(၁၈)ရက်တွင် သတင်းထုတ်ပြန်လာသည်။

ပြည်သူ့ဘက်ရပ်တည်လာသည့် ရဲသား အာကာစိန်သည်  G-3 တစ်လက်၊ ကျည်ဆံများနှင့်အတူ မတ်လ(၈)ရက်က လာရောက်ခဲ့ခြင်းဖြစ်ပြီး ဆုကြေးငွေကျပ်သိန်း(၃၀) နှင့်အတူ လွတ်မြောက်နယ် မြေကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရဲတပ်သား အာကာစိန်သည် အမှတ်(၂)ရဲလေ့ကျင်ရေးကျောင်းဆင်းဖြစ်ပြီး  လုပ်သက်(၅)နှစ်ရှိပြီဖြစ်ကာ ရေစကြိုမြို့နယ် မြေတော်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency