ပခုက္ကူမြို့ မြန်မာ့စီးပွားရေဘဏ်ရှေ့တွင် စစ်ကောင်စီတပ်သားတစ်ဦးပစ်ခံရကာ သေဆုံး

ပခုက္ကူမြို့ မြန်မာ့စီးပွားရေဘဏ်ရှေ့တွင် စစ်ကောင်စီတပ်သားတစ်ဦးပစ်ခံရကာ သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့မစျေး လွတ်လပ်ရေးပန်းခြံအနောက်ဘက် မြန်မာ့အစိုးရစီးပွားရေးဘဏ်ရှေ့၌ မီနီအိုးဝေပေါ်ရှိ စစ်ကောင်စီတပ်သားများအား မြိုင်ပကဖက ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၃၀)ရက်နေ့တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားထံမှ လက်နက်တစ်လက် သိမ်းဆည်းရရှိကြောင်း သိရသည်။



စစ်ကောင်စီတပ်သားအား ခြောက်လုံးပြူးသေနတ်ဖြင့် (၃)ချက်တိတိ ပစ်ခတ်ရာ နားထင်တွင် (၂)ချက်နှင့် လည်ပင်းတွင် တစ်ချက် ထိမှန်ခဲ့သည်ဟု ဆိုသည်။



မြန်မာ့အစိုးရစီးပွားဘဏ်နှင့် ပခုက္ကူမြို့ ရဲစခန်းမှာ မီတာ (၁၀၀) ခန့်သာဝေးပြီး ၎င်းစစ်ကောင်စီတပ်သားအား ပစ်ခတ်နေစဥ် ယာဥ်ထိန်းရဲသုံးဦးမှ စီးပွားရေးဘဏ်အတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားသည်ဟု သိရသည်။



ပစ်ခတ်ခဲ့ရာတွင် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး MA-3 အမျိုးစားတစ်လက်၊ (၅.၅၆)ကျည် အမျိုးအစား (၂၄)တောင့်တို့အား သိမ်းဆည်းရရှိပြီး မြိုင်ပကဖ ဘက်က ရဲဘော်တစ်ဦး၏ ဆိုင်ကယ်တစ်စီး ဆုံးရှုံးသည်ဟု ဆိုသည်။



တိုက်ခိုက်မှုအား မြိုင်ပကဖ တပ်ရင်း-၃ တပ်ခွဲ (၄) နှင့် DLP တို့က လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းပစ်ခဲ့မှုအပြီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပခုက္ကူမြို့ ထင်းတန်းလမ်းနှင့် ၄င်းတို့ တပ်စွဲထားသောလမ်းများအား ပိတ်ဆို့စစ်ဆေးသည်ဟု သိရသည်။



#TachileikNewsAgency

Photo: မြိုင်-ပကဖ