ယင်းမာပင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်က အရပ်သား(၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်သတ်ကာ ဘန့်ဘွေးရွာတွင် တပ်စွဲနေ

ယင်းမာပင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်က အရပ်သား(၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်သတ်ကာ ဘန့်ဘွေးရွာတွင် တပ်စွဲနေ

 စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျပေါင်ကျိုးကုန်းမှ ဘန့်ဘွေးရွာမသို့ ယနေ့ မတ်လ(၁၅)ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ကာ နှစ်ဦးကိုပစ်သတ်ပြီးနောက် ရွာအတွင်း တပ်စွဲထားကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကွေ့ချောင်းကျေးရွာမှ ဒေသခံများနှင့် လက်ပံကျေးရွာမှ ဒေသခံများကို ဘန့်ဘွေးရွာမသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် လက်ပံကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးနှင့် ကွေ့ချောင်းကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးကို ပစ်သတ်သွားကြောင်း သိရသည်။

ဘန့်ဘွေး၊ ထန်း‌ဇင်ကျေးရွာမှ ပြည်သူ့နေအိမ်များကိုလည်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေကာ လက်ရှိတွင် ဘန့်ဘွေးရွာမ အတွင်း တပ်စွဲထားကြောင်း သိရသည်။

#TachileikNewsAgency