တနင်္သာရီမြို့နယ်အတွင်း ကျွဲသုံးပေါင်တောင်ပေါ်ကို စစ်ကောင်စီတပ်က အင်အား(၁၀၀) ကျော်ဖြင့် စစ်ကြောင်းထိုးကာ ဥယျာဉ်လုပ်သား (၄)ဦးကို ဖမ်းဆီးသွား

တနင်္သာရီမြို့နယ်အတွင်း ကျွဲသုံးပေါင်တောင်ပေါ်ကို စစ်ကောင်စီတပ်က အင်အား(၁၀၀) ကျော်ဖြင့် စစ်ကြောင်းထိုးကာ ဥယျာဉ်လုပ်သား (၄)ဦးကို ဖမ်းဆီးသွား

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ၂၀၂၃ခုနှစ်၊ ဇွန်လ(၉)ရက်နေ့က ကျွဲသုံးပေါင်တောင်ပေါ်ရှိ ဥယျာဉ်လုပ်သား(၄)ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

ဇွန်လဆန်းပိုင်းက စတင်ကာ ဘန်းလမွတ်၊ ရမ်းဖို၊ ကမ်းတိုရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည့် ချောင်းညီကိုရွာ ဘုန်းကြီးကျောင်း၌  ဇွန်လ(၇)ရက်နေ့က တပ်စွဲထားစဥ် ဒေသကာကွယ် ရေးတပ်မှ အလစ်ဝင်တိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်သည် ဘန်းလ မွတ်ရွာ၊ ကျွဲသုံးပေါင်တောင်ပေါ်သို့ အင်းအား(၁၀၀)ကျော်ဖြင့် လက်နက်ကြီးများနှင့် ပစ်ခတ်၍ စစ်ကြောင်းထိုးပြီး တောင်ပေါ်   ဥယျာဥ်တဲရှိ ဒေသခံ(၄)ဦးကို ဖမ်း၍ ပြန်လည် ဆုတ်ခွါသွားကြောင်း သိရသည်။

ဒေသခံများအနေဖြင့် စစ်ကောင်စီနှင့် အနီးအကပ်နေခြင်းများ မပြုလုပ်ရန်နှင့် တိုက်ပွဲရက်ဆက် ဖြစ်ပွားလာနိုင်ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့(တနင်္သာရီ)၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ယနေ့ဇွန်လ(၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။