ချောင်းဦးမြို့နယ် မုံရွာ-ချောင်းဦး ကားလမ်းရှိ မြပုလဲစစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်

ချောင်းဦးမြို့နယ် မုံရွာ-ချောင်းဦး ကားလမ်းရှိ မြပုလဲစစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်
နိုဝင်ဘာ 4, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-ချောင်းဦး ကားလမ်းဘေးရှိ မြပုလဲစစ်ကောင်စီဂိတ်စခန်းကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ယနေ့နံနက် (၅)နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးကာ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့သည်ဟု တော်လှန်ရေးတပ်များထံမှ သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများ ထိခိုက်သေဆုံးသူများပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှလည်း ရဲဘော်(၅)ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency