မြန်မာနိုင်ငံ ဟိန္ဒူဘာသာ  သာသနာပြုအဖွဲ့  ကရိသ်ျှဏ အနုဿတိအသင်းတော်၏ အဓိပတိ ဆရာတော်ကြီး ရှရီဝါးစ် ပဏ္ဍိသ်ဒါးစ် ကွယ်လွန်

မြန်မာနိုင်ငံ ဟိန္ဒူဘာသာ  သာသနာပြုအဖွဲ့  ကရိသ်ျှဏ အနုဿတိအသင်းတော်၏ အဓိပတိ ဆရာတော်ကြီး ရှရီဝါးစ် ပဏ္ဍိသ်ဒါးစ် ကွယ်လွန်

 မြန်မာနိုင်ငံ ဟိန္ဒူဘာသာ  သာသနာပြုအဖွဲ့ ဖြစ်သည့် ကရိသ်ျှဏ အနုဿတိ အသင်း‌ကြီး၏ ဦးဆောင်သူ ဆရာတော်ကြီး ရှရီဝါးစ် ပဏ္ဍိသ်ဒါးစ်သည် အိန္ဒိယနိုင်ငံ ဝ်ရင်န္ဒာဝံန်းတွင် ဆေးကုသမှု ခံယူရင်း ၂၀၂၂ခုနှစ် မတ်လ(၁၃)ရက်နေ့ နံနက်(၄)နာရီ(၃၈)မိနစ်အချိန်က ကွယ်လွန်သွားကြောင်း သိရသည်။

ဆရာတော်ကြီး ရှရီဝါးစ် ပဏ္ဍိသ်ဒါးစ်၏ ဈာပနာကို အိန္ဒိယနိုင်ငံနိုင်ငံမှာပင် မတ်လ(၁၃)ရက်နေ့က ပြုလုပ်ခဲ့ကြောင်းနှင့် ကွယ်လွန်(ဘုရားမြတ်၏ လောကုတ္တရာလောကသို့ ကူးပြောင်း)ချိန်တွင် သက်တော် (၅၇) နှစ်၊ ဝါတော် (၃၂)ဝါရှိသည်ဟု သိရသည်။

 

ဆရာတော်ကြီးသည် မြန်မာ၊ အင်္ဂလိပ် နှင့် ဟိန္ဒူဘာသာများကို ကွျမ်းကျင်ပိုင်နိုင်သူဖြစ်ပြီး  ဘဂ၀ဒ်ဂီသာကျမ်း (ယထာရူပ)၊ ရှရီမဒ် ဘာဂ၀သံမ်ကျမ်း (ကဏ္ဍကြီး ၁၊ အတွဲ ၁၊ ၂၊ ၃) (ကဏ္ဍကြီး ၂၊ အတွဲ ၁၊ ၂)၊ ပ်ရဘူးပါဒ်၊ ဘုရားမြတ် ထံတော်ပါးသို့၊ မွေးဖွားခြင်းနှင့်သေဆုံးခြင်းလွန်ရာ၊ ယောဂ၏ ပြည့်၀အောင်မြင်ခြင်းတရား၊ အတုမဲ့လက်ဆောင်မွန်၊ ပ်ရဟ်လားဒ် မဟာရာဂ်ျ၏ မြင့်မြတ်သော ဩဝါဒ၊ ဘုရားမြတ်၏ အမှာစကား၊ ဘုရားမြတ် ထံတော်ပါးသို့ (မဂ္ဂဇင်း) နှင့်   အသက်မှလာသော အသက် စသည့် ကျမ်းများနှင့် စာအုပ်များကို ဘာသာပြန်ရေးသာခဲ့ကြောင်းလည်း သိရသည်။