အုတ်ဖိုမြို့နယ်တွင် စစ်ဖက်ဆိုင်ရာသုံး ကေဘယ်ကြိုး ဖြတ်တောက်ခံရသဖြင့် လာရောက်ပြင်ဆင်သည့် စစ်ကောင်စီတပ်သားများ ပဒေသာမိုင်း ၁၀ လုံးခွဲခံရ

အုတ်ဖိုမြို့နယ်တွင် စစ်ဖက်ဆိုင်ရာသုံး ကေဘယ်ကြိုး ဖြတ်တောက်ခံရသဖြင့် လာရောက်ပြင်ဆင်သည့် စစ်ကောင်စီတပ်သားများ ပဒေသာမိုင်း ၁၀ လုံးခွဲခံရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ဖက်ဆိုင်ရာသုံး ကေဘယ်ကြိုး ဖြတ်တောက်ခံရသဖြင့် လာရောက်ပြင်ဆင်သည့် စစ်ကောင်စီတပ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံမှ သိရသည်။

ဝင်းသရက်ကျေးရွာ ချောင်းကမ်းပါးရှိ စစ်ကောင်စီတပ်၏ စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေးကေဘယ်ကြိုးအား ၂၀၂၄ခုနှစ် ဧပြီလ (၁)ရက်နေ့က သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဖြတ်တောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဖြတ်တောက်ဖျက်ဆီးလိုက်သည့် စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်ကြိုးအား ပြင်ဆင်ရန် ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်ကို ယနေ့ ဧပြီလ(၂)ရက်နေ့ နံနက်ပိုင်းတွင် ထန်းပင်ကုန်းကျေးရွာနှင့် ဝင်းသရက်ကျေးရွာကြားရှိ မိုင်းကွင်းအတွင်း ဝင်ရောက်လာစဥ် ပဒေသာမိုင်း (၁၀)လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး  လူနာတင်ယာဥ် (၃)စီးဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)