စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ သုံးကန်ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား(၁၀၀)ဝန်းကျင်ကို မတ်လ(၁၂)ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှင့် စစ်ကောင်စီတပ်သား အများအပြားသေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၄)ဦး ကျဆုံးခဲ့ရကြောင်း သံမဏိ Force - MPDF က ယနေ့ မတ်လ(၁၃)ရက်တွင် သတင်းထုတ်ပြန်လာသည်။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို သံမဏိ Force - MPDF၊ Pale People's Defence Force PPDF၊ ပုလဲ မြေပြန့်ဒေသကာကွယ်ရေးအင်အားစု - PPDG၊Pale People's Defence Force - Headquarters ၊ ပုလဲ ပ.က.ဖ၊ ပုံတောင်တိုက်ဂါး၊ Pale Jokers နှင့် ရွှေဓါးဗိုလ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲမှာ မိနစ်(၄၀)ဝန်းကျင်ကြာမြင့်ခဲ့ပြီး ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(၄)ဦးကျဆုံးကာ (၄)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ကျဆုံးသွားသည့်ရဲဘော်များမှာ PPDF မှ (၂)ဦး၊ ပုလဲ ပ.က.ဖ မှ (၁)ဦး၊ ဒေသခံလုံခြုံရေးတပ်သား (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။