အရာတော်မြို့နယ် ကျေးရွာအချို့တွင် အာဏာသိမ်း စစ်တပ်က အင်အား(၂၀၀)ဝန်းကျင်ဖြင့် ဝင်စီး

 အရာတော်မြို့နယ် ကျေးရွာအချို့တွင် အာဏာသိမ်း စစ်တပ်က အင်အား(၂၀၀)ဝန်းကျင်ဖြင့် ဝင်စီး
အောက်တိုဘာ 22, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ တောင်လက်၊ ကန်ရင်းကျေးရွာနှင့်အနီးဝန်းကျင်များကို အာဏာသိမ်းစစ်တပ်များက အင်အား (၂၀၀)ဝန်းကျင်ဖြင့် ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်အချိန်က ဝင်ရောက်စီးနင်းပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့၏ စခန်းတခုကို ဖျက်ဆီးကာ ဒေသခံအချို့ကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဒိုင်နာကား၊ လိုက်ထရပ်ကား နှင့် မှန်လုံကား စုစုပေါင်း (၈)စီးဖြင့် နံနက်အစောပိုင်းတွင် မီးများပိတ်ပြီး မြင်းမူလမ်းဘက်မှ ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

 တောင်လက်၊ ကန်ရင်းကျေးရွာနှင့်အနီးဝန်းကျင်များရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့၏ စခန်းတစ်ခုကိုလည်း ဝင်ရောက်စီးနင်းပြီး စခန်းတဲကို မီးရှို့ခြင်း၊ ရွာအတွင်း ရှာဖွေမှုများပြုလုပ်ပြီး ရွာခံအချို့ကို ဖမ်းဆီးမှုများပြုလုပ်ကြောင်း ဒေသအခြေပြု အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဖော်ပြထားချက်အရ သိရသည်။