ပုသိမ် - မုံရွာကားလမ်းတွင် မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်က ရွာကိုဝင်ပြီး နေအိမ်ကို မီးရှို့

Photo: အမိမြေ - တော်လှန်ရေးတပ်ဖွဲ့
Photo: အမိမြေ - တော်လှန်ရေးတပ်ဖွဲ့
ပုသိမ် - မုံရွာကားလမ်းတွင် မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်က ရွာကိုဝင်ပြီး နေအိမ်ကို မီးရှို့
ဖေဖော်ဝါရီ 17, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပုသိမ် - မုံရွာကားလမ်း၌ မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့နေ သဖြင့် နေအိမ်(၃)လုံးမီး‌လောင်နေကြောင်း အမိမြေ-တော်လှန်ရေးတပ်ဖွဲထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်က ပုသိမ် - မုံရွာကားလမ်း၌ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် ယင်း နေရာအနီးရှိ အုံတုံပင်နှင့် ကျေးစာကျရွာကြား ကားလမ်းဘေးအိမ်များကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှာ ယင်းမာပင်မြို့နယ်၊ တပ်ရင်း(၂၈)မှ ထွက်ခွာလာသည့် ရဲများဖြစ်ကြောင်း သိရသည်။

၎င်းရဲတပ်ရင်း(၂၈)မှာ ဖေဖော်ဝါရီလ(၁၁)ရက်က ပြည်သူ့ကာကွယ်ရေးတပ်များမှ စွန်ရဲစစ်ဆင်ရေးအဖြစ်သတ်မှတ်ပြီး မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် သေဆုံး၊ ဒဏ်ရာရသူရှိခဲ့သေးသည်။