ဗန်းမောက်မြို့နယ်အတွင်း နောင်ကန်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးလာကြဲ၍ ဒေသခံ (၂)ဦး သေဆုံးခဲ့ရ

Photo: Banmauk Revolution
Photo: Banmauk Revolution
ဗန်းမောက်မြို့နယ်အတွင်း နောင်ကန်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးလာကြဲ၍ ဒေသခံ (၂)ဦး သေဆုံးခဲ့ရ

 စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ နောင်ကန်ရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်များ ပျက်စီးကာ ဒေသခံ( ၂ )ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ်၊ မေလ( ၂၅ )ရက်နေ့ ည( ၉ )နာရီကျော်တွင် တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကြဲချခဲ့ရာ နေအိမ်( ၆ )လုံး ပျက်စီးပြီး အသက်( ၆၆ )နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်( ၃၃ ) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

"တိုက်ပွဲဖြစ်တာ မရှိဘူးခင်ဗျ။ လေယာဉ်နှစ်စီးလို့ပဲ သိရပါတယ်။ ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်ဗျ။"ဟု Banmauk Revolution-BR မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို မေလ(၂၆)ရက်နေ့၏ နေ့လည်ပိုင်းတွင် ပြောကြားထားသည်။ 

နောင်ကန်ရွာနှင့် အလှမ်းဝေးသည့် ကြောင်လည်ရွာအနီးတွင်သာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ( ၆ )ရက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး မေလ( ၂၄ )ရက်နေ့တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲမှာ အပြင်းထန်ဆုံးဖြစ်ခဲ့သည်ဟု သိရသည်။

ကြောင်လည်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာ ကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ထိခိုက်သေ ဆုံးသူအများအပြားဖြင့် ဆုတ်ခွါသွားသည်ဟု သိရသည်။