မုံရွာမြို့နယ်အတွင်းမှ PDF စခန်း (၂)ခုကို အာဏာသိမ်းတပ်က မီးရှို့ဖျက်ဆီး၊ PDF တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း မရှိ

Photo: မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
Photo: မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
မုံရွာမြို့နယ်အတွင်းမှ PDF စခန်း (၂)ခုကို အာဏာသိမ်းတပ်က မီးရှို့ဖျက်ဆီး၊ PDF တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း မရှိ
နိုဝင်ဘာ 23, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာ၊ ကိုင်းတောကျေးရွာ၊ သပြေပင်စုကျေးရွာ၊ ဇီးကျွန်းကျေးရွာနှင့် ပလ္လင် ကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့ နံနက် (၅)နာရီဝန်းကျင် ကတည်းက ဝင်ရောက်ရှာဖွေမှုအတွင်း PDF စခန်းနှစ်ခုကို မီးရှို့ခံရသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်းမရှိကြောင်း သိရသည်။



အာဏာသိမ်းစစ်တပ်က စစ်ကား (၁၂)ဖြင့် ဝင်ရောက်ရှာဖွေပြီး  မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ​၏ တပ်ခွဲစခန်းနှင့် မဟာမိတ်စခန်းတစ်ခုတို့အား မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဆိုင်ကယ် (၄) စီးအပါအဝင် ကာလတန်ဖိုး ကျပ်သိန်း (၇၀) ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ပြည်သူ့တော်လှန်ရေးရဲဘော်များ ဖမ်းဆီးခံရခြင်းမရှိသော်လည်း ကျေးရွာတွင်း ဝင်ရောက်ဖမ်းဆီးမှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု  မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)က သတင်းထုတ်ပြန်သည်။