ချင်းပြည်နယ်၊ တီးတိန် နှင့် တွန်းဇံမြို့နယ်တွင် စစ်အာဏာရှင်မှ ကျင်းပနေသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမှုသည် စစ်အာဏာရှင်မှ အာဏာတည်ရှိကြောင်း လိမ်လည်ပြသရန် လုပ်ဆောင်ခြင်းဖြစ်၍ အသိအမှတ် မပြုကြောင်း မတ်လ (၃၁)ရက်နေ့က ဇိုမီးဖက်ဒရယ်အစည်းအရုံးက ထုတ်ပြန်ကြေညာသည်။
အဆိုပါ စာမေးပွဲဖြေဆိုခြင်းသည် ပညာရေးကို ဦးတည်ဆောင်ရွက်ခြင်းမဟုတ်ဘဲ စစ်အာဏာရှင်မှ အာဏာတည်ရှိကြောင်း လိမ်လည်ပြသရန် သက်သက်သာဖြစ်ခြင်းကြောင့် လုံးဝအသိအမှတ်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။
စာမေးပွဲဖြေဆိုသူများသည် ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး ပြည်သူများအပေါ် သစ္စာဖောက်ဖျက်သူများအဖြစ် သတ်မှတ်ရမည် ဖြစ်၍ စာမေးပွဲအောင်မြင်ခဲ့သော်လည်း လုံးဝ အသိအမှတ်ပြုမည် မဟုတ်ဟုလည်း ထုတ်ပြန်သည်။
စာမေးပွဲဖြေဆိုသူများ အားလုံးကို ပြည်သူ့အုပ်ချုပ်ရေးခေတ် ရောက်ရှိလာသည့် အချိန်တွင် မည်သည့်အခါမျှ တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ဖြေဆိုခွင့်ပြုမည်မဟုတ်ဟုလည်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် တီးတိန်မြိုနယ်နှင့် တွန်းဇံမြိုနယ်အတွင်း လက်ရှိစာမေးပွဲဖြေသူများ၏ ရှေ့လာမည့်အခွင့်အရေးများ ဆုံးရှုးမှုမရှိ စေရန်အတွက် စာမေးပွဲဖြေဆိုခြင်းမှ ယခုချက်ချင်း ရပ်နားရန် စာမေးပွဲဖြေသူများနှင့် ဖြေဆိုသူများ၏ မိဘများအားလုံးကို စေတနာစိတ်ရှေ့ထားပြီး ပြင်းထန်စွာ သတိပေးကြောင်း ထုတ် ပုန်ထားသည်။
လိုအပ်ပါက စာမေးပွဲဖြေဆိုသူများ၏ အမည်စာရင်းကိုလည်း ထုတ်ပြန်ကြေညာသွားမည်ဟုဆိုသည်။
အာဏာသိမ်းစစ်ကောင်စီက ကျင်းပသည့် စာမေးပွဲကို
အမျိုးသား ညီညွတ်ရေးအစိုးရကလည်း အသိအမှတ်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။