မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်က CDM ကျောင်းဆရာမတစ်ဦး၏ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးသွားပြီး ခြိမ်းခြောက်စာများ ရေးသွား

Photo: မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့
Photo: မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့
မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်က CDM ကျောင်းဆရာမတစ်ဦး၏ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးသွားပြီး ခြိမ်းခြောက်စာများ ရေးသွား
ဖေဖော်ဝါရီ 26, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာမှ CDM ပြုကျောင်းဆရာမတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်သားများက ဝင်ရောက်ကာ အိမ်တွင်းပစ္စည်းများ ရိုက်ခွဲဖျက်ဆီးပြီး ခြိမ်းခြောက်စာများရေးသွားကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ဖေဖော်ဝါရီလ(၂၆)ရက်တွင် သတင်းထုတ်ပြန်ထားရှိသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် CDM ဆရာမတစ်ဦးအား လာရောက်ဖမ်းဆီးရာ နေအိမ်တွင် မတွေ့ရ၍ နေအိမ်အား မွှေနှောက်ကာ အိမ်တွင်းပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးကာ ရေခဲသေတ္တာတစ်လုံးနှင့် TVအကြီးတစ်လုံးကိုလည်း စစ်ကောင်စီတပ်များက ယူဆောင်သွားကြောင်း သိရသည်။

အိမ်တွင်းပစ္စည်းများကို ဖျက်ဆီးသည့်အပြင် နေအိမ်နှင့် အုတ်တံတိုင်းတို့တွင်လည်း" CDM လွတ်အောက်ပြေး နောက်နေ့လာ တွေ့ရင် ဖမ်းမည်။" ၊ "CDM လွတ်အောင်ပြေး ပြေးစရာ မြေမရှိ"ဟု ခြိမ်းခြောက်စာများ ရေးသွားခဲ့သည်။

ထို့နောက် အပြန်လမ်းတွင်လည်း ညောင်ပင်ဇောက်ကျောက်ပေါက်အနီးအနားရှိ တဲအိမ်နှစ်လုံးကိုလည်း ထပ်မံမီးရှို့သွားပြီး ကျောက်ပေါက်အနီးအရက်ဆိုင်မှ ဆိုင်ရှင်အား ဖမ်းခေါ်သွားကြောင်း သိရသည်။