အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင်က စစ်မှုထမ်းဟောင်းအဖွဲ့ကို သွားတိုက်ဆေးနှင့်သွားပွတ်တံ အပါအဝင် တပ်ထွက်ပစ္စည်းများ ထောက်ပံ့

အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင်က စစ်မှုထမ်းဟောင်းအဖွဲ့ကို သွားတိုက်ဆေးနှင့်သွားပွတ်တံ အပါအဝင် တပ်ထွက်ပစ္စည်းများ ထောက်ပံ့
ဇန်နဝါရီ 24, 2022 | အခြားဒေသများ

မန္တလေးမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး) တွင် နေထိုင်သည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံပြီး  သွားတိုက်ဆေးနှင့်သွားပွတ်တံ အပါအဝင် တပ်ထွက်ပစ္စည်းများကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့က ထောက်ပံ့ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

 

 စစ်ကောင်စီတပ်က နိုင်ငံ့အာဏာကို သိမ်းထားပြီးနောက်ပိုင်းတွင် ယခင်ကထက် စစ်မှုထမ်းဟောင်းများ ပိုမို ချဉ်းကပ်လာပြီး ကြက်ဥ၊ ဆန်၊ ဆီများ ဒေသအလိုက် ထောက်ပံ့ပေးနေပြီး စစ်မှူထမ်းဟောင်းများကို အရေးစိုက်ကြောင်းနှင့်ထောက်ပံ့ပေးကြောင်းကိုလည်း ဝါဒဖြန့် သတင်းစာများကနေ ဖော်ပြနိုင်ရန် စစ်တိုင်းမှူးများ၊ စစ်ဗျူဟာမှူးများကို ညွှန်ကြားထားသည်လည်း ရှိကြောင်း သိရသည်။ 

နိုင်ငံအတွင်းအရှိ စစ်တပ်အင်အား နည်းသည့်ဒေသများတွင် ကျောင်းနှင့် ရုံးအချို့များတွင် အစောင့်နေရာများအတွက် စစ်မှုထမ်းဟောင်းများကို လက်နက်ပေးထားကာ စောင့်ခိုင်းထားမှုများလည်း ရှိနေသည်ဟု သိရသည်။

#TachileikNewsAgency