မရမ်းကုန်မြို့နယ်တွင်းက အာဏာသိမ်းစစ်တပ်၏ လက်နက်စက်ရုံ ဗုံးပေါက်ကွဲ

မရမ်းကုန်မြို့နယ်တွင်းက အာဏာသိမ်းစစ်တပ်၏ လက်နက်စက်ရုံ ဗုံးပေါက်ကွဲ
ဇန်နဝါရီ 7, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ အာဏာသိမ်းစစ်တပ်၏ ကာကွယ်ရေး ပစ္စည်းထုတ်စက်ရုံ ယနေ့ ဇန်နဝါရီလ(၇)ရက်၊ ညနေပိုင်းက ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။

ဗုံးကွဲတာ အသံအကျယ်ကြီးပဲ။ မြေကြီးတောင်တုန်တယ်။ လက်နက်စက်ရုံလို့တော့ သိရတယ်။ တခြားအကြောင်းတော့ မသိရသေးဘူး။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့  ပြောသည်။

ယင်းဗုံးကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်းနှင့် အထိခိုက် ဒဏ်ရာ ရရှိမှုအခြေအနေကိုတော့ မသိရသေးပေ။

ယင်းစက်ရုံမှာ မရမ်းကုန်းမြိုနယ်၊ အင်းလျားလိတ်ဟိုတယ် ဘေးတွင်တည်ရှိပြီး ဝန်ထမ်းအင်အား (၆၀၀) ကျော်ဖြင့် လည်ပတ်နေသည့် စက်ရုံဖြစ်သည်။ 

ရိုင်ဖယ်အမျိုးအစား လက်နက်ငယ်များဖြစ်သည့်  အမ်အေ(၁)၊ အမ်အေ(၂)၊ အမ်အေ(၃)၊ အမ်အေ(၄)စသည့် လက်နက်များအား အပြီးသတ်တပ်ဆင်ထုတ်လုပ်သော စက်ရုံလည်းဖြစ်သည်။

ယင်းစက်ရုံသည်တွင် စစ်တပ်အာဏာသိမ်းစဉ်က CDM လှုပ်ရှားမှုတွင်ပါဝင်သော ဝန်ထမ်းအချို အရေးယူခံခဲ့ရသည်ဟု သတင်းထွက်ပေါ်ခဲ့သေးသည်။