အာဏာသိမ်းအဖွဲ့တို့ တွေ့ဆုံသည်ဆိုသည့်သတင်းမှာ ကောလဟာလဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးအတည်ပြု

အာဏာသိမ်းအဖွဲ့တို့ တွေ့ဆုံသည်ဆိုသည့်သတင်းမှာ ကောလဟာလဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးအတည်ပြု
ဇန်နဝါရီ 1, 2022 | အခြားဒေသများ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ EAO အချို့နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အာဏာသိမ်းစစ်ကောင်စီအဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံသည်ဟု သတင်းများထုတ်လာခြင်းမှာ ကောလဟာလသာဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးက အတည်ပြုထားသည်။

လုံးဝသတင်းအမှားပါ။ ဦးရည်မွန်လည်း ချင်းမိုင်မှာ မရှိသလို စစ်ကောင်စီနဲ့တွေ့ဖို့လည်း အကြောင်းမရှိပါ

ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လူမှုကွန်ယက်မှတစ်ဆင့် အသိပေးထုတ်ပြန်ထားသည်။

ဂိုလ်ရှယ်လေးအမည်ဖြင့် ရေးသားနေသည့် Aung Naing Htwe အကောင့်မှနေ၍  "နစကနှင့် NUG တို့ ချင်းမိုင်မှာ ညှိနှိုင်းနေပါတယ်။ သတင်းမှားလျှင် တရားစွဲပါ"ဟုဆိုကာ ပို့စ်တစ်ခုတင်ခဲ့ခြင်းဖြစ်သည်။