ရန်ကုန်မြို့၊ လှည်းတန်း ဂမုန်းပွင့်မှ ထွက်လာသူမှန်သမျှကို ဖုန်းများယူစစ်ပြီး ဖမ်းဆီးမှုများရှိနေ

Photo: CJ
Photo: CJ
ရန်ကုန်မြို့၊ လှည်းတန်း ဂမုန်းပွင့်မှ ထွက်လာသူမှန်သမျှကို ဖုန်းများယူစစ်ပြီး ဖမ်းဆီးမှုများရှိနေ
နိုဝင်ဘာ 29, 2021 | အခြားဒေသများ

ရန်ကုန်မြို့၊ လှည်းတန်း ဂမုန်းပွင့်တွင် အတွင်းမှ ထွက်လာသူမှန်သမျှကို ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၉) နေ့လည်(၁၂)နာရီကျော်က စပြီး အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံ ရဲတို့ ဖုန်းများကို ယူပြီး စစ်ဆေးနေကြောင်း သိရသည်။

နေ့လယ် (၁)နာရီခွဲဝန်းကျင်အချိန်က  လူငယ်နှစ်ဦးကို  ဖမ်းပြီး ကားပေါ်တင်ထားသည်ကိုလည်း တွေ့ရသည်။  

ယနေ့ နံနက်ပိုင်းက လူထုဒေါ်အမာ (၁၀၆)နှစ်ပြည့် မွေးနေ့အထိမ်းမှတ်အဖြစ် လှည်းတန်း ဂမုန်းပွင့်တွင် မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့က   စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုအဖြစ် ဆန္ဒပြခဲ့ကြသည့်အတွက် အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံ ရဲတပ်ဖွဲ့တို့က ယခုလို လာရောက် လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။