ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောင်(မနောကွင်း)အတွင်း အာဏာသိမ်း စစ်ကောင်စီမှ ဦးဆောင်ကျင်းပခဲ့သည် ခရစ္စမတ်ပွဲတော်နှင့် ပတ်သက်၍ ကချင်လူငယ်၊ ကျောင်းသားအဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချလိုက်သည်။
ဒီဇင်ဘာလ(၁၇)ရက်နေ့က ကျင်းပခဲ့သည့် ခရစ္စမတ်ပွဲတော်တွင် ပါဝင်ခဲ့သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ပြည်သူလူထုများကို မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသည့် ဖက်ဆစ်စစ်တပ်နှင့် ပူးပေါင်းပြီး မနောင်ကွင်း(မနောကွင်း)တွင် မည်သို့သော အကြောင်းကြောင်းဖြင့် ပွဲလန်းသဘင်များ၊ အခမ်းအနားများ ကျင်းပပြုလုပ်ခြင်းအား ကချင်လူငယ်၊ ကျောင်းသားအဖွဲ့အစည်းများမှ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ကချင်ပြည်နယ်တွင်းရှိ ကချင်တိုင်းရင်းသား ရိုးရာအသင်းအဖွဲ့များ၊ တာဝန်ရှိသည့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးများအနေဖြင့် ဖက်ဆစ်စစ်တပ်နှင့်အတူတကွ အစီအစဉ်များ ပွဲလမ်းသဘင်များအား ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံအပ်ပါသည်
ဟု အသိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို Kachin State Civilian Movement ၊ All Kachin Youths Union ( AKYU )၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ Kachin Literatural and Cultural Association ( Universities ) နှင့် ကချင်စာပေနှင့်ယဉ်ကျေးမှုတက္ကသိုလ်များ(မြစ်ကြီးနား)တို့ ပူးပေါင်ပြီး ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ဒီဇင်ဘာလ(၁၇)ရက်နေ့က ကျင်းပခဲ့သည့် ခရစ္စမတ်ပွဲတော်သို့ အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသည်။