အာဏာသိမ်းစစ်ခေါင်းဆောင်နှစ်ဦး၏ ရန်ကုန်နေအိမ်များကို လုံခြုံရေးယူထားသည့်အဖွဲ့အား နန်းထိုက်‌အောင်စစ်ဆင်ရေးဖြင့် တိုက်ခိုက်

အာဏာသိမ်းစစ်ခေါင်းဆောင်နှစ်ဦး၏ ရန်ကုန်နေအိမ်များကို လုံခြုံရေးယူထားသည့်အဖွဲ့အား နန်းထိုက်‌အောင်စစ်ဆင်ရေးဖြင့် တိုက်ခိုက်
ဧပြီ 10, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုဗိုလ်ချုပ်မှူးကြီး  စိုးဝင်းတို့၏ ရန်ကုန်မြို့ အင်းလျားလမ်းမပေါ် ၊ ဇော်ဂျီလမ်းနဲ့ ပန်းဝါလမ်းထောင့်ရှိ နေအိမ်များအနီး လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားနှင့် ရဲများကို “နန်းထိုက်အောင်” စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဗွီဒီယိုဖိုင် ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ(၁၀)ရက်နေ့တွင် ထွက်ပေါ်လာသည်။

လုံခြုံရေး တာဝန်ယူထားသည့် ပြည်သူ့ဘက်တော်သား တပ်တွင်းသတင်းပေးဖရဲသီးများ၏ အကူအညီဖြင့် အလစ်အငိုက်ရယူကာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။ 

 

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးနိုင်ပြီး အတည်ပြုနိုင်ရန် Tachileik News Agency အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

 စစ်အာဏာရှင်ဆန့်ကျင်နေသည့် တော်လှန်ရေး၏ “ပျံလွှား အောင်” စစ်ဆင် ရေး  အဆုံးသတ်ပြီးနောက် "နန်းထိုက် အောင်" စစ်ဆင် ရေးအမည်ဖြင့် ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားပြီး မကြာမီ ယခုစစ်ဆင်ရေးပေါ်ပေါက်လာခြင်းဖြစ်သည်။