အာဏာသိမ်းစစ်တပ်အတွက် ရိက္ခာသယ်လာသည့် ရထား မိုင်းခွဲခံရ၍ Non CDM မီးရထားဝန်ထမ်း (၃)ဦး သေဆုံး 

Photo: CJ
Photo: CJ
အာဏာသိမ်းစစ်တပ်အတွက် ရိက္ခာသယ်လာသည့် ရထား မိုင်းခွဲခံရ၍ Non CDM မီးရထားဝန်ထမ်း (၃)ဦး သေဆုံး 
နိုဝင်ဘာ 18, 2021 | အခြားဒေသများ
By Tachileik News Agency

မန္တလေးတိုင်းဒေသကြီးအတွင်း ပျော်ဘွယ် နှင့် ရွှေဒါးအကြား အာဏာသိမ်းစစ်တပ်အတွက် ရိက္ခာများတင်ဆောင်လာသည့် ရထား မိုင်းဆွဲတိုက်ခိုက်ခံရ၍ Non CDM (၃)ဦး သေဆုံးကြောင်း သိရသည်။

 

၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့ ည(၅)နာရီခွဲဝန်းကျင်အချိန်က မိုင် ၂၈၅/၂၈၆ အကြားတွင်  မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် Non CDM မီးရထားဝန်ထမ်း စက်ခေါင်းမှူး(၁)ဦးနှင့် လျှပ်စစ်စက်ပြင်(၁)ဦးတို့ နေရာတွင် သေဆုံးပြီး ကျန်သည့် စစ်ခေါင်းမောင်း (၁)ဦးမှာ ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။ 

ရထား၏ စစ်ခေါင်းအနောက်ရှိ စက်ခေါင်းမောင်း နားနေသည့်တွဲတွင် ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရထားတွဲမှာ မြောက်တက်သွားကာ နောက်အတွဲပေါ် သွားထပ်ခြင်းဖြစ်၍ သေဆုံးမှုအထိ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။ 

မိုင်းခွဲခံရသည့် ရထားမှာ လူစီးရထားမဟုတ်ဘဲ ကျောက် နှင့် ကုန်သယ်သည့် ရထားဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသအာဏာပိုင်များက မိုင်းခွဲတိုက်ခိုက်ခံရသည်ကို ဖုံးကွယ်ထားပြီး မတော်တဆမှုဖြစ်သည်ဟု သတင်းလွှင့်ထားကြောင်း သိရသည်။

ဆက်စပ်သတင်း

သာစည်မြို့က CDM မီးရထားဝန်ထမ်းတစ်ဦး အောင်ပန်းမြို့ရှိ မီးရထားအိမ်ရာတွင် ဖမ်းဆီးခံရပြီး အဆက်အသွယ်မရဖြစ်နေ