ကျောက်ကြီးမြို့နယ်ရှိ ခူသေစိုး စစ်ကောင်စီတပ်စခန်းကို KNU သိမ်း 

ကျောက်ကြီးမြို့နယ်ရှိ ခူသေစိုး စစ်ကောင်စီတပ်စခန်းကို KNU သိမ်း 

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ နှစ်ပေါင်း (၅၀) နီးပါး တပ်စွဲထားသည့် ခူသေစိုးစစ်ကောင်စီတပ်စခန်းကို KNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု KNU ဗဟိုထံမှ သိရသည်။

မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းအား KNU တပ်မဟာ (၃)တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

စခန်းသိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီတပ်သား(၈)ဦး သေဆုံးပြီး အချို့ မှာလည်း ထွက်ပြေလွတ်မြောက်သွားကာ စခန်းအတွင်းမှ (၈၁)မမ လက်နက်ကြီး တစ်လက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo:KNU