မြောင်မြို့နယ်အတွင်း မိုင်းဆွဲခံရသည့် အာဏာသိမ်းတပ်ဖွဲ့မှ (၃)ဦးနေရာတွင်သေ

မြောင်မြို့နယ်အတွင်း မိုင်းဆွဲခံရသည့် အာဏာသိမ်းတပ်ဖွဲ့မှ (၃)ဦးနေရာတွင်သေ
ဖေဖော်ဝါရီ 10, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှ ဆင်းလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်အင်အား (၅၀) ဝန်းကျင်ကို မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ရာ (၃) ဦး ပွဲချင်းပြီးသေကာ အများအပြားဒဏ်ရာရကြောင်း မြောင် PDF က ယနေ့ ဖေဖော်ဝါရီလ(၁၀)ရက်တွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြောင် PDF ၏ T.G.R ထုတ်လုပ်ရေးစခန်းသို ဦးတည်လာခြင်းကြောင့် မြောင် PDF နှင့် 11 Brother Revolution Force တို့က ပစ်ခတ်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"TGR ထုပ်လုပ်ရေးစခန်းကို စစ်ခွေးများဝင်ခဲ့ခြင်းကြောင့် မိုင်းအဝကျွေးထားပါတယ်။ အပြန်အလှန်ပစ်ခတ်မှုများရှိပါတယ်။ T.G.R ထုပ်လုပ်ရေးအဖွဲ့ ထုပ်လုပ်ထားသော ရှော့ဒုံးများနဲ့လည်း ပစ်ခတ်တိုက်ထားပါတယ်။ စစ်ခွေးများ စစ်ကြောင်းထိုးရာ လမ်းတ လျှောက် ပြည်သူ့အိမ်များ မီးရှိ့ခံထားရပါတယ်။"ဟု TGR က ထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များ အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။