မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ မိုးကောင်းတံတား ကျိုးကျသွားသဖြင့် ကားတချို့မှာ ရွာပတ်လမ်းမှတဆင့် သွားလာနေကြရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။
ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်-ဘားအံ-ရေး-ထားဝယ်-မြိတ်မှ ကျိုက်ကော်အဝင် မိုးကောင်းတံတား ကျိုးကျသွားသဖြင့် ကားများမှာ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။
"ကားတချို့က ရွာပတ်လမ်းကနေသွားနေတယ်။ ကားငယ်တွေပဲ ရွာပတ်လမ်းက ခက်ခက်ခဲခဲဖြတ်နေရတယ်။ မိုင်တိုင်(၁၃၅/၇)နဲ့ (၁၃၆)ကြားက လမ်းအခက်အခဲရှိလို့ အခြေအနေမေးပြီးမှသွားကြပါ။"ဟု ယာဉ်မောင်းတစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် ယာဉ်များပိတ်မိနေဆဲဖြစ်သည်ဟု Tachileik News Agencyက စုံစမ်းသိရှိရသည်။
#TachileikNewsAgency
Photo: CJ