ဝမ်းတွင်းမြို့နယ် ခင်ကြီးစံပြကျေးရွာတွင် အမျိုးသား(၁၉)ဦးကို အာဏာသိမ်းအဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးသွား  

ဝမ်းတွင်းမြို့နယ် ခင်ကြီးစံပြကျေးရွာတွင် အမျိုးသား(၁၉)ဦးကို အာဏာသိမ်းအဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးသွား  
နိုဝင်ဘာ 17, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ခင်ကြီးစံပြကျေးရွာတွင် အမျိုးသား(၁၉)ဦးကို အာဏာသိမ်းစစ်တပ်က အရပ်ဝတ်များဖြင့် လာရောက်ပြီး အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

"လူ (၁၉)ယောက်ကို စကစတွေ အရပ်ဝတ်နဲ့ ဖမ်းသွားတာ။ အခုလေးတင် ဖမ်းသွားတယ်။ တခြားတော့ ဘာမှလုပ်မသွားဘူး။ ဒီတိုင်းဖမ်းသွားတာ။"ဟု  ဒေသခံတစ်ဦးက Tachileik News Agency သို့ ယနေ့ နိုဝင်ဘာလ(၁၇)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင် အချိန်က ပြောသည်။

လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ယူနီဖောင်းများ ဝတ်ဆင်ထားခြင်း မရှိဘဲ အရပ်ဝတ်များဖြင့် သေနတ်များကိုင်ဆောင်ပြီး လာရောက် ဖမ်းဆီးသွားခြင်းနှင့် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုတော့ မသိရသေးကြောင်း ဒေသခံများထံက သိရသည်။