ငလျင်ဒဏ်ကြောင့် ဒဏ်ရာရသူများအတွက် အရေးပေါ်သွေးလိုအပ်နေ

ငလျင်ဒဏ်ကြောင့် ဒဏ်ရာရသူများအတွက် အရေးပေါ်သွေးလိုအပ်နေ

ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးရသူများရှိနေပြီး အရေးပေါ်သွေးလိုအပ်နေ၍ အကူအညီတောင်းခံနေရသည်။

ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် လှုပ်ခတ်သည့် ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် ပဲခူးတိုင်းတို့တွင် ထိခိုက်မှုများစွာရှိနေသည်ဟု စစ်ကောင်စီက ဆိုသည်။

ငလျင်ဒဏ်ကြောင့် ပြည်သူတချို့ သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများစွာ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့ရှိ ဆေးရုံများတွင် တက်ရောက်ကုသနေရပြီး အရေးပေါ်သွေးလိုအပ်နေသဖြင့် သွေးအလှူရှင်များ ဆေးရုံသို့ အမြန်ဆုံး ဆက်သွယ်ရန် ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo:နေပြည်တော်ရှိ ဆေးရုံတစ်ခုကို တွေ့ရစဥ်