ရခိုင်တွင် သိမ်းပိုက်ရန်ကျန်နေသည့် မြို့များကို AA ထိုးစစ်ဆင်မည်

ရခိုင်တွင် သိမ်းပိုက်ရန်ကျန်နေသည့် မြို့များကို AA ထိုးစစ်ဆင်မည်

အာရက္ခတပ်တော်(AA) သိမ်းပိုက်ရန်ကျန်နေသည့် ရခိုင်ပြည်နယ်ရှိ မြို့များအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု AA က သတင်းထုတ်ပြန်သည်။

ကျန်ရှိနေသောမြို့များဖြစ်သည့် အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် မာန်အောင်မြို့တို့ရှိ စစ်ကောင်စီ လက်ကျန်စခန်းများကို တခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ရန် စီစဉ်နေသည်ဟု AAက ၂၀၂၄ခုနှဏ် ဇွန်လ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရခိုင်ဒေသတွင်းရှိ မြို့များကို AA သည် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နေရာ စစ်ကောင်စီသည် ၎င်းတို့၏ လက်ကျန်စခန်းများ မဆုံးရှုံးစေရန်အတွက် ခုခံစစ်များကို ပြင်ဆင်နေရသည့်အပြင် တန်ပြန်ထိုးစစ်အတွက်လည်း ကြိုးပမ်း‌နေသည်ဟု သိရသည်။

စစ်ကောင်စီသည် ယင်းသို့လုပ်ဆောင်မှုများနှင့်အတူ ဆေးရုံ၊ ရပ်ရွာ၊ မြို့များနှင့် အရပ်သားများကို ဦးတည်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရော့ဗုံးချတိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် AA တို့သည် သံတွဲမြို့နှင့် မောင်တောမြို့တို့တွင် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

AA သည် ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲမြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency