တာချီလိတ်တွင် ကားအတွင်းက ပစ္စည်းကို ခိုးယူဖို့ မှန်ရိုက်ခွဲ

နယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းမှာ ၂၀၂၁ ဩဂုတ်လ(၂၀)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်အချိန်က လူငယ်(၃)ဦးဟာ ကားအတွင်းက ပစ္စည်းကို ခိုးယူဖို့ မှန်ရိုက်ခွဲတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီကားမှာ အသံမြည်တဲ့စနစ် တပ်ဆင်ထားတဲ့အတွက် မှန်ရိုက်ခွဲခံရမှုကြောင့် ကားမှာ အချက်ပြအသံမြည်လာတာကြောင့် အနီးဝန်းကျင်က ထကြည့်လို အဲ့ဒီလူငယ်(၃)ဦးဟာ ထွက်ပြေးသွားကြတာကို တွေ့လိုက်ရတယ်လို့ သိရပါတယ်။

နယ်စပ်ဒေသ တာချီလိတ်မြို့မှာ အာဏာသိမ်းခံရပြီးနောက်ပိုင်း အရင်ကထက် ဆိုင်ကယ်ခိုးမှုတွေအပြင် အခုလို ကားမှန်ရိုက်ခွဲမှုတွေ အဖြစ်များလာခဲ့ပေမဲ့ ဖမ်းဆီးရရှိမှုတွေ မရှိသေးပါဘူး။