တာချီလိတ်မြို့တွင် ဆောက်လုပ်စ သုံးထပ်အိမ်တစ်လုံး ရေထဲ မျောပါ

 



မြန်မာ  - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်မှ လွယ်တော်ခမ်းသို့ သွားရာ လမ်း၏ မယ်ဆိုင်ချောင်းဘေးတွင် အသစ်တည်ဆောက်နေသည့် သုံးထပ်အိမ်တစ်လုံး ချောင်းဘေးရေတိုက်စားမှုကြောင့်  ၂၀၂၂ခုနှစ်  ဩဂုတ်လ(၁၃)ရက်နေ့ နေ့လည်ပိုင်းက ရေထဲသို့မျောပါသွားသည်။

အဆိုပါ နေအိမ်မှာ ဆောက်နေဆဲ အိမ်ဖြစ်၍ လူနေထိုင်ခြင်းမရှိကြောင်းနှင့် အနီးပတ်ဝန်းကျင် လူ ထိခိုက်မှုမရှိဟု သိရသည်။