အလံဖြူထောင်ထားသည့် ဘုရားကျောင်းကို အာဏာသိမ်းအကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့် မှတ်တမ်း
************
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ပေါ် ဒေါငံခါးရပ်ကွက်ရှိ အလံဖြူထောင်ထားသော ဘုရားကျောင်းအား အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်များမှ တပ်စွဲ၍ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဘုရားကျောင်းထိမှန် ပျက်ဆီးသွားကြောင်း ဗီဒီယို မှတ်တမ်းဖြစ်သည်။
၂၀၂၁ခုနှစ် ဇွန်လ(၆)ရက်နေ့ နံနက် (၆)နာရီကျော်မှစ၍ ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက် အတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်တို့ လက်ရှိချိန်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ အလံဖြူထောင်ထားသော ဘုရားကျောင်းအား ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
"ဘုရားကျောင်းနားထိ သူတို့ရောက်လာပြီး တပ်ဆွဲထားတယ်။ လက်နက်ကြီးနဲ့ပစ်လို့ ဘုရားကျောင်းထဲ ကျပြီး ထိခိုက်ပျက်ဆီးတာတွေ ဖြစ်တယ်။ ဘာသာရေးအဆောက်အဦးကို ရည်ရွယ်ချက် ရှိရှိ ပစ်ခဲ့တာပါ။ "ဟု ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ(၆)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က ဒီးမော့ဆို အပါအဝင် ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင်းသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
#TachileikNewsAgency
VDO: Saw heart phyu