စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်နဲ့ဈေးဆိုင်ခန်းတွေ ဖျက်ဆီးခံထားရ

ကယားပြည်နယ်တွင်းမှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KNDF) နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီစစ်တပ်တို့အကြား  ဖြစ်ပွားတဲ့ တိုက်ပွဲများကြောင့် အပြစ်မဲ့ ပြည်သူတွေဟာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေခဲ့ရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေများပြားပြီး စားဝတ်နေရေး နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေ ရှိလာနေတဲ့အတွက် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ စစ်တပ်တို့အကြား ၂၀၂၁ခုနှစ် ဇွန်လ(၁၅)ရက်နေ့က အပစ်ခတ်ယာယီရပ်ထားလိုက်တဲ့အတွက် နေအိမ်ကို စစ်ဘေးရှောင်တစ်ချို့ဟာ ပြန်လာကြည့်ကြပါတယ်။

အဲ့လို လာကြည့်ကြတဲ့အခါမှာ နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်က   ဖျက်ဆီးဝင်ရောက်ပြီး ပစ္စည်းတွေယူဆောင်တာလုပ်သလို ယူဆောင်လို့မရတဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာတွေလုပ်တဲ့အတွက် အကောင်းတိုင်း ရစရာမရှိတော့တဲ့ အခြေအနေတွေ ဖြစ်နေတာကို‌တွေ့နေရပါတယ်။

အပစ်ရပ်ထားပြီဆိုပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ တပ်ဆုတ်သွားခြင်းမရှိဘဲ လူနေအိမ်တွေနဲ့ ကျေးရွာတွေအထဲ ဝင်ရောက်နေတာတွေကြောင့် စစ်ဘေးရှောင်ပြည်သူများဟာ မပြန်လာရဲသေးဘဲ တောထဲမှာသာ ခက်ခက်ခဲခဲ နေနေကြရတယ်လို့ သိရပါတယ်။

နှစ်ဖက် အပစ်အခတ်ရပ်ထားတယ်ဆိုပေမဲ့လည်း ဇွန်လ(၁၆)ရက်နေ့ ည(၈)နာရီဝန်းကျင်မှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

#TachileikNewsAgency

VDO&Photo: CJ