အပစ်ရပ်ကြောင်း ကြေညာထားသည့် စစ်ကောင်စီက စဉ့်ကူးမြို့၏ အရှေ့မြောက်ဘက်ကို လေကြောင်းကနေ ဗုံးကြဲ 

အပစ်ရပ်ကြောင်း ကြေညာထားသည့် စစ်ကောင်စီက စဉ့်ကူးမြို့၏ အရှေ့မြောက်ဘက်ကို လေကြောင်းကနေ ဗုံးကြဲ 

အပစ်ရပ်ကြောင်း ကြေညာထားသည့် စစ်ကောင်စီသည် ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ(၄)ရက်နေ့ နေ့လယ်ပိုင်းက မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အရှေ့မြောက်ဖက်ကို လေကြောင်းတိုက်ခိုက်၍ အရပ်သား(၂)ဦး ဒဏ်ရာရသည်ဟု ပြင်ဦးလွင်ခရိုင် ပကဖ ထံမှ သိရသည်။

စစ်ကောင်စီသည် နေ့လယ် (၂)နာရီ (၄၉)မိနစ် အချိန်တွင် စဉ့်ကူးမြို့အရှေ့မြောက်ဖက်သို့ တံတားဦးမှ တက်လာသည့် Yak-130 Fighter Jet ဖြင့် ဗုံသီးတစ်လုံးချ၍ လေကြောင်းတိုက်ခိုက်ရာ အရပ်သား(၂)ဦး ပြင်းထန်ဒဏ် ရာရရှိခြင်း ဖြစ်သည်။

၂၀၂၅ခုနှစ် ဧပြီလ (၂)ရက်နေ့က အပစ်ရပ်ကြောင်း ကြေညာထားသည့် စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ ရှိရာနေရာဒေသများနှင့် အနီးဝန်းကျင်အပါအဝင် ကျေးလက်ဒေသများကိုပါ ဆက်လက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းကနေ ဗုံးကြဲခြင်း နှင့် တစ်ခါသုံး ဒရုန်းတို့ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်