ကော့သောင်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ စစ်မှုထမ်းစုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ ဆက်လက်လုပ်ဆောင်နေပါက စစ်ရေးပစ်မှတ်အဖြစ် ရှင်းလင်းသွားမည်ဖြစ်ကြောင်း PDF သတိပေး

ကော့သောင်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ စစ်မှုထမ်းစုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ ဆက်လက်လုပ်ဆောင်နေပါက စစ်ရေးပစ်မှတ်အဖြစ် ရှင်းလင်းသွားမည်ဖြစ်ကြောင်း PDF သတိပေး

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ စစ်မှုထမ်းစုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ ဆက်လက်လုပ်ဆောင်နေပါက စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် ရာအိမ်မှုးများသည် စစ်မှုထမ်းကိစ္စရပ်များအတွက် လူစုဆောင်းခြင်းများအား အကြောင်းပြ၍ တချို့သည် တစ်အိမ်ထောင်လျှင် တစ်သောင်းကျပ်ကောက်ခံခြင်းနှင့် စစ်ကောင်စီ သတင်းပေးအဖြစ် ဆောင်ရွက်နေကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် ရာအိမ်မှုးများ၏ နေရပ်လိပ်စာနှင့် အမည်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရရှိထားပြီး ၊ စစ်မှုထမ်းစုဆောင်းခြင်း ၊ ငွေကြေးကောက်ခံခြင်းနှင့် သတင်းပေးအဖြစ်ဆောင်ရွက်နေခြင်းများအား ရပ်တန့်ရန်နှင့် ပြည်သူနှင့်အတူ ရပ်တည်ကြရန် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။

ဆက်လက်၍ ပြည်သူနှင့်အတူရပ်တည်ခြင်းမရှိသည့် စစ်ကောင်စီအားပေး ထောက်တိုင်များ ၊ သတင်းပေးသူလျှိုများအား ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အနေဖြင့် စစ်ကောင်စီနှင့်နည်းတူ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ရှင်းလင်းသွားမည်ဖြစ်သည့်အတွက်  နောက်ဆုံးအနေဖြင့် သတိပေးခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency