စစ်ကိုင်းတိုင်း ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ပျူစောထီးတစ်ဦး ABSDFထံ လက်နက်နှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ပျူစောထီးတစ်ဦး ABSDFထံ လက်နက်နှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ပျူစောထီးတစ်ဦး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့က လက်နက်နှင့်အတူ အလင်းဝင်ရောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ထံမှ သိရသည်။

၎င်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) အမှတ်(၃)စစ်ကြောင်း၊ တပ်ရင်းအမှတ် (၁၄)၊(ချင်းတွင်းဒေသ)ထံ စစ်ကောင်စီနှင့် ဆက်လက် လက်မတွဲလိုသောကြောင့် Type-81 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဘောက်(၂)ခု၊ (၇.၆၂)မီလီမီတာကျည် (၈၆)တောင့်၊ (၅.၅၆)မီလီမီတာကျည် (၁၄)တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့် စကားပြောစက်တစ်လုံးတို့အား ယူဆောင်၍ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသူကို ABSDF အမှတ်(၃) စစ်ကြောင်း၊ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးမှ နွေးထွေးစွာကြိုဆိုခဲ့ပြီး လုံခြုံသောနေရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ABSDF အနေဖြင့် ပုလဲမြို့နယ် ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းတွင် မနေထိုင်လို၍ အောက်တိုဘာလ (၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့တို့တွင် ထွက်ပြေးလာသော အရပ်သား(၉)ဦးကိုလည်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် ပူးပေါင်းကာ သွားရောက်ကယ်ထုတ်ခဲ့သည်။

#TachileikNewsAgency

Photo : ABSDF Column - 3