ဒီးမော့ဆို PDF က အလှူရှင်များ၏ ကောင်းမှုဖြင့် CDM ရဲဘော်များကို ထောက်ပံ့ငွေပေး

Photo: DMO-PDF
Photo: DMO-PDF
ဒီးမော့ဆို PDF က အလှူရှင်များ၏ ကောင်းမှုဖြင့် CDM ရဲဘော်များကို ထောက်ပံ့ငွေပေး
ဇန်နဝါရီ 23, 2022 | အခြားဒေသများ

ကရင်နီ(ကယား)ပြည်နယ်အတွင်း ပြည်သူ့ဘက်ရပ်တည်ခဲ့သည့် CDM ရဲဘော်(၁၇)ဦးကို တစ်ဦးလျှင် ကျပ် ငွေ(၁၀၈,၀၀၀)ကျပ်ဖြင့် ယနေ့ဇန်နဝါရီလ(၂၃)ရက်နေ့တွင် ဒုတိယအကြိမ် ထောက်ပံ့ကြောင်း ဒီးမော့ဆို PDF က သတင်း ထုတ်ပြန်လာသည်။ 

ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DMO-PDF) ဗဟို ကော်မတီမှ ဦးဆောင်ပြီးအလှည့်ကျ ထောက်ပံ့ငွေများကို ပထမအကြိမ်အဖြစ် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့က  CDM ရဲ ဘော်(၂၉)ဦးထံသို့ တစ်ဦးလျှင် ကျပ် ငွေ(၁၀၈,၀၀၀) ကျပ်တိတိ  ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DMO-PDF)သည် အလှူရှင်များနှင့် ချိတ်ဆက်ပြီး ရရှိလာသော အလှူငွေများကို CDM ရဲဘော်များထံ ဆက်လက်ထောက်ပံ့နိုင်ရန် ကြိုးစား  ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏  ထောက်ပံ့ကူညီမှုကြောင့် CDM ရဲဘော်မိသားစုဝင် စားဝတ်နေရေးအတွက်များစွာ အ ထောက်အကူဖြစ်စေခဲ့ပြီး ဆက်လက်ကူညီ ထောက်ပံနိုင်ရန်လည်း အလှူရှင်များကို မေတ္တာရပ်ခံထားသည်။